back

နှစ်သစ်ကူးနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် YBS ယာဉ်လိုင်းခုနစ်လိုင်းဖြင့် ပြည်သူ့ရင်ပြင်သို့ ၅ ရက်တိုင် အခမဲ့ပြေးဆွဲပေးမည်

Dec 31 • 1:37 AM

breaking-news

မြန်မာ

ရန်ကုန်

cover

နှစ်သစ်ကူးနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် YBS ယာဉ်လိုင်းခုနစ်လိုင်းဖြင့် ပြည်သူ့ရင်ပြင်သို့ ၅ ရက်တိုင် အခမဲ့ပြေးဆွဲပေးမည်

ရန်ကုန်မြို့နေ ပြည်သူများ နှစ်သစ်ကူးကာလအတွင်း ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ပွဲလမ်းသဘင်များသို့ လာရောက်လည်ပတ်နိုင်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို...

ရန်ကုန်မြို့နေ ပြည်သူများ နှစ်သစ်ကူးကာလအတွင်း ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ပွဲလမ်းသဘင်များသို့ လာရောက်လည်ပတ်နိုင်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က အထူးအစီအစဉ်တစ်ရပ်အနေဖြင့် YBS ယာဉ်လိုင်းအချို့ကို အခမဲ့ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။အဆိုပါ အစီအစဉ်တွင် နှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ဒီဇင်ဘာလ ၃၁ ရက် ညပိုင်းမှစတင်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ညပိုင်းအထိ (၅) ရက်တိုင်တိုင် သတ်မှတ်ထားသည့် ယာဉ်လိုင်းများကို ပြေးဆွဲပေးသွားမည်ဖြစ်သည်။ အဓိကအားဖြင့် လူစည်ကားရာ ပြည်သူ့ရင်ပြင်သို့ သွားရောက်မည့်သူများအတွက် YBS ၇၊ ၈၊ ၃၇၊ ၃၉၊ ၆၁၊ ၆၂ နှင့် ၁၁၅ စသည့် ယာဉ်လိုင်း (၇) လိုင်းကို ယာဉ်စီးခအခမဲ့ဖြင့် ပွဲလမ်းသဘင်များပြီးဆုံးချိန်အထိ တာဝန်ယူပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

news-view-count-icon

49