back

ရွှေပြည်သာမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေမှုကို မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကယ်ဆယ်

Dec 31 • 1:35 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရွှေပြည်သာမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေမှုကို မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကယ်ဆယ်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၂၄) ရပ်ကွက်၊ အမှတ် (၄) လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်တွင် ယနေ့ ဒီဇင်ဘာလ ၃၀ ရက် ည ၈ နာရီ ၃၄ မိနစ်ဝန်းကျ...

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၂၄) ရပ်ကွက်၊ အမှတ် (၄) လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်တွင် ယနေ့ ဒီဇင်ဘာလ ၃၀ ရက် ည ၈ နာရီ ၃၄ မိနစ်ဝန်းကျင်က ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း သတင်းအရ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါရှိသူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ရွှေမေတ္တာလူမှုကူညီရေးအသင်းမှတစ်ဆင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

17