၃၁.၁၂.၂၀၂၅ရက်ယနေ့၊ ၀၁နာရီ ၃၀မိနစ်အချိန်ခန့်၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ (၃)လမ်း၊ ဗိုလ်တောက်ထိန်လမ်းနှင့် ဗိုလ်လက်ယာလမ်းကြားတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပျဉ်းမနားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပျဉ်းမနားမီးသတ်စခန်း(ခွဲ)မှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ရွာကောက်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဘောဂဝတီနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၁နာရီ ၅၇မိနစ်အချိန်တွင် မီးငြိမ်းပါသည်၊၊



