၃၁.၁၂.၂၀၂၅ရက်ယနေ့၊ ၀၆ နာရီ၄၀မိနစ် အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကြေးနီကန်ကျေးရွာတံတားအနီး၊ ပလိပ်- စကားအင်းလမ်းပေါ်တွင် Express ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပလိပ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၇ နာရီ၁၀ မိနစ်အချိန်မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရရှိမှု မရှိခဲ့ကြောင်းသိရသည်။



