ကမ္ဘာကျော် ကေပေါ့ပ်အမျိုးသမီးအဖွဲ့ NewJeans နှင့် ၎င်းတို့၏အေဂျင်စီ Ador တို့အကြား ဖြစ်ပွားခဲ့သည့် အမှုအခင်းတွင် အဖွဲ့ဘက်က ရှုံးနိမ့်ခဲ့ပြီးနောက် ကုမ္ပဏီနှင့် ပြန်လည်လက်တွဲရန် ပြင်ဆင်နေစဉ်မှာပင် အဖွဲ့ဝင် Danielle Marsh ကို စာချုပ်ရပ်ဆိုင်းလိုက်ကြောင်း ကုမ္ပဏီဘက်က ဒီဇင်ဘာ ၂၉ ရက်တွင် ရုတ်တရက် ကြေညာလိုက်သည်။ ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လုပ်ငန်းခွင်အနိုင်ကျင့်မှုဆိုင်ရာ အငြင်းပွားမှုများကြောင့် တရားရင်ဆိုင်ခဲ့ကြရာတွင် တရားရုံးက အဖွဲ့ဝင်များအနေဖြင့် ၂၀၂၉ ခုနှစ်အထိ ကုမ္ပဏီတွင် ဆက်ရှိရမည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် တစ်လအကြာတွင် ယခုကဲ့သို့ Danielle ကို ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။ အဖွဲ့ဝင် ၅ ဦးစုံလင်စွာဖြင့် သီချင်းသစ်များကို ပြန်လည်မြင်တွေ့လိုသည့် ပရိသတ်များ၏ မျှော်လင့်ချက်မှာ ပျက်စီးသွားခဲ့ရပြီး ကုမ္ပဏီ၏ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုများလည်း ပြင်းထန်လျက်ရှိသည်။
Dec 30 • 7:39 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


