ဒူဘိုင်းတာဝန်ရှိသူများက မြို့တော် တစ်လျှောက်ရှိ ကားပါကင်းများကို အခမဲ့မဟုတ်တော့ဘဲ အခကြေးငွေဖြင့် စီမံခန့်ခွဲမည်ဟု ထုတ်ပြန်ထားသည်။ ယခင်က အခမဲ့ထားနိုင်သည့် ကားပါကင်းများကို ယခုမှ စတင်၍ အချိန်အလိုက် အခကြေးငွေဖြင့် အသုံးပြုရမည်ဖြစ်ပြီး၊ ဒူဘိုင်းမြို့တွင်း ကားပါကင်းစနစ်ကို စနစ်တကျ စီမံခန့်ခွဲရန်နှင့်လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေရန် ရည်ရွယ်ထားသည်။



