ထိုင်းနိုင်ငံတော်ပြန်တမ်းက ရာဇသတ်ကြီးဥပဒေ ပြင်ဆင်ချက် အက်ဥပဒေ (အမှတ် ၃၀)၊ B.E. 2568 (2025) ကို မကြာသေးမီက ထုတ်ပြန်လိုက်ပါတယ်။ ဒီပြင်ဆင်ချက်ဟာ လက်ရှိလူမှုအသိုင်းအဝိုင်းရဲ့ အပြုအမူတွေနဲ့ ကိုက်ညီစေဖို့ လိ-င်ပိုင်းဆိုင်ရာ ပြစ်မှုတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ခေတ်မီအောင် ပြောင်းလဲထားပြီး လုပ်ငန်းခွင်ဆက်ဆံရေးနဲ့ အွန်လိုင်းပေါ်က အာဏာအလွဲသုံးစားလုပ်မှုတွေနဲ့ ပတ်သက်တဲ့ ဥပဒေအသစ်တွေလည်း ပါဝင်ပါတယ်။ချက်ချင်းအသက်ဝင်မယ့် အပြောင်းအလဲတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။၁။ မုဒိန်းမှု အဓိပ္ပာယ်ဖွင့်ဆိုချက် အသစ်ပုဒ်မ ၁ (၁၈) အရ မုဒိန်းမှုရဲ့ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားပြီး အရင်က မရေရာမှုတွေကို ဖယ်ရှားလိုက်ပါတယ်။ အခုဥပဒေမှာ မုဒိန်းမှုဆိုတာ အောက်ပါအချက်တွေ ပါဝင်တယ်လို့ အတိအလင်း ဖော်ပြထားပါတယ်။🔶 ပြစ်မှုကျူးလွန်သူရဲ့ လိ-င်အင်္ဂါနဲ့ သားကောင်ရဲ့ လိ-င်အင်္ဂါ၊ စအို သို့မဟုတ် ပါးစပ်ကို ထိုးသွင်းခြင်း။ (ဥပဒေအသစ်မှာ ပါးစပ် ပါလာပါတယ်။)🔶 အခြားအရာဝတ္ထုများ (လက်ချောင်း သို့မဟုတ် ပြင်ပပစ္စည်းများ) နဲ့ လိ-င်အင်္ဂါ သို့မဟုတ် စအိုကို ထိုးသွင်းခြင်း။အဓိက အပြောင်းအလဲ - "ပါးစပ်" ကို ထည့်သွင်းသတ်မှတ်လိုက်တဲ့အတွက် ထိုင်းဥပဒေအရ အတင်းအဓမ္မ ပါးစပ်ဖြင့် လိ-င်ဆက်ဆံခိုင်းခြင်း (forced oral sex) ဟာ အခုအခါ မုဒိန်းမှုမြောက်သွားပြီ ဖြစ်ပါတယ်။ အရင်ကတော့ ဥပဒေအဓိပ္ပာယ်ဖွင့်ဆိုချက်တွေမှာ ဒီလုပ်ရပ်ကို မလျော်ကန်သောပြုလုပ်မှု (indecent act) အဖြစ်သာ သတ်မှတ်ခဲ့ကြပါတယ်။၂။ ပြစ်မှုအသစ် - လိ-င်ပိုင်းဆိုင်ရာ နှောင့်ယှက်မှပုဒ်မ ၁ (၁၉) မှာ လိ-င်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုအတွက် ကျယ်ပြန့်တဲ့ ဥပဒေအဓိပ္ပာယ်ဖွင့်ဆိုချက်ကို မိတ်ဆက်ထားပါတယ်။ ခန္ဓာကိုယ်ချင်း ထိတွေ့မှုမရှိရင်တောင် လိ-င်ပိုင်းဆိုင်ရာသဘောသက်ရောက်ပြီး ကာယကံရှင်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ၊ ရှက်ရွံ့စေတာ သို့မဟုတ် ကြောက်ရွံ့စေတာတွေ ဖြစ်စေရင် ပြစ်မှုမြောက်ပါတယ်။ ဥပဒေက ဒီလုပ်ရပ်တွေကို အောက်ပါအတိုင်း ခွဲခြားထားပါတယ်။ပြစ်ဒဏ် - ကျူးလွန်သူတွေကို ထောင်ဒဏ် ၁ နှစ်အထိ၊ ငွေဒဏ် ဘတ် ၂၀,၀၀၀ အထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ပါတယ် (ပုဒ်မ ၂၈၅/၁)။၃။ လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားလုပ်ခြင်း
းမိမိရဲ့ ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး ကျူးလွန်သူတွေကို ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ထားပါတယ်။ ဒါက အထက်လူကြီးနဲ့ လက်အောက်ငယ်သား၊ အလုပ်ရှင်နဲ့ အလုပ်သမား၊ ဒါမှမဟုတ် ဆရာနဲ့ တပည့်လို ဆက်ဆံရေးမျိုးတွေမှာ သက်ရောက်မှုရှိပါတယ်။အကယ်၍ ကျူးလွန်သူက ကာယကံရှင်အပေါ်မှာရှိတဲ့ အာဏာကို အသုံးပြုပြီး နှောင့်ယှက်ခဲ့မယ်ဆိုရင် ပြစ်ဒဏ်ဟာ ထောင်ဒဏ် ၃ နှစ်အထိ၊ ငွေဒဏ် ဘတ် ၆၀,၀၀၀ အထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးအထိ တိုးမြှင့်ခံရနိုင်ပါတယ် (ပုဒ်မ ၂၈၅/၂)။ ဒါဟာ လုပ်ငန်းခွင်နဲ့ ပညာရေးအသိုင်းအဝိုင်းက လူတွေကို ကာကွယ်ပေးဖို့ ရည်ရွယ်ပါတယ်။၄။ သားကောင်များ ဘေးကင်းလုံခြုံရေး အစီအမံများအရလိ-င်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု အမှုတွေမှာ တရားခံက ပြစ်မှုထပ်ကျူးလွန်နိုင်တယ် ဒါမှမဟုတ် ကာယကံရှင်ရဲ့ ဘဝကို နှောင့်ယှက်နိုင်တယ်လို့ ယူဆရင် တရားရုံးက ကာကွယ်ရေးအမိန့် (protective orders) ထုတ်ပြန်ပိုင်ခွင့် ရှိပါတယ်။ မူလအမှုရဲ့ စီရင်ချက် ဘယ်လိုပဲရှိနေပါစေ တရားရုံးက တရားခံကို ကာယကံရှင်နား မကပ်ဖို့၊ မဆက်သွယ်ဖို့ စတဲ့ သီးခြားလုပ်ရပ်တွေကို ၂ နှစ်ထက် မပိုတဲ့ ကာလတစ်ခုအထိ တားမြစ်နိုင်ပါတယ်။၅။ အနိုင်ကျင့် ဗိုလ်ကျခြင်း (General Bullying)ပြင်ဆင်ချက် ပုဒ်မ ၃၉၇ မှာ ယေဘုယျ အနိုင်ကျင့်တာ၊ နှိပ်စက်တာ၊ ခြိမ်းခြောက်တာ၊ ဒါမှမဟုတ် အရှက်ရစေပြီး စိတ်အနှောင့်အယှက်ဖြစ်စေတာ (လိ-င်ပိုင်းဆိုင်ရာ မဟုတ်သော ကိစ္စများ) ကိုပါ ထည့်သွင်းထားပါတယ်ပြစ်ဒဏ် - ငွေဒဏ် ဘတ် ၁၀,၀၀၀ အထိနဲ့အများပြည်သူဆိုင်ရာ ပြစ်မှု - အကယ်၍ ဒီလုပ်ရပ်ကို အများပြည်သူရှေ့မှာ ဒါမှမဟုတ် တာဝန်ရှိသူတစ်ဦးဦးရှေ့မှာ ကျူးလွန်ခဲ့ရင် တရားရုံးက ငွေဒဏ်အပြင် ထောင်ဒဏ် ၁ လအထိပါ ချမှတ်နိုင်ပါတယ်။



