back

မိုးညှင်းမြို့နယ်အတွင်း WiFi ဝန်ဆောင်မှုပေးသူများ အထွေထွေကုန်ကျစရိတ် မြင့်မားမှုကြောင့် အခက်တွေ့နေပြီး ဖိုင်ဘာအင်တာနက်လိုင်းများ ပြန်လည်ရရှိရန် မျှော်လင့်နေ

Dec 30 • 7:38 AM

breaking-news

မြန်မာ

ကချင်

cover

မိုးညှင်းမြို့နယ်အတွင်း WiFi ဝန်ဆောင်မှုပေးသူများ အထွေထွေကုန်ကျစရိတ် မြင့်မားမှုကြောင့် အခက်တွေ့နေပြီး ဖိုင်ဘာအင်တာနက်လိုင်းများ ပြန်လည်ရရှိရန် မျှော်လင့်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ WiFi ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းရှင်များသည် လျှပ်စစ်မီးမမှန်ခြင်းကြောင့် ဆိုလာစနစ်များအတွက် အပိုကုန်ကျစရိတ်များပြားခြင်း၊ S...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ WiFi ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းရှင်များသည် လျှပ်စစ်မီးမမှန်ခြင်းကြောင့် ဆိုလာစနစ်များအတွက် အပိုကုန်ကျစရိတ်များပြားခြင်း၊ Starlink လစဉ်ကြေးအပြင် အခြားသောပေးကမ်းရသည့် အထွေထွေစရိတ်များ တစ်လလျှင် ဆယ်သိန်းနီးပါးအထိ ရှိနေခြင်းတို့ကြောင့် အကျိုးအမြတ်မကျန်ဘဲ လုပ်ငန်းနားရသည့်အထိအခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ အသုံးပြုသူများဘက်မှ ဈေးနှုန်းသက်သာရန် တောင်းဆိုမှုများရှိသော်လည်း လုပ်ငန်းရှင်များဘက်တွင် ရပ်တည်ရန်ခက်ခဲနေသည့် အဆိုပါပြဿနာများမှာ မကြာမီတွင် ဖိုင်ဘာ (Fiber) လိုင်းများ ပြန်လည်ရောက်ရှိလာပါက Starlink နှင့် ဆိုလာစရိတ်များ သက်သာသွားမည်ဖြစ်ရာ ၁၈ မီဂါဘစ် (18 Mb) လျှင် ၂၈,၀၀၀ ကျပ် ဝန်းကျင်ဖြင့် ပုံမှန်ဝန်ဆောင်မှုပေးနိုင်မည့်နေ့ကို အသုံးပြုသူနှင့် လုပ်ငန်းရှင်များအားလုံးက မျှော်လင့်နေကြကြောင်း သိရသည်။

news-view-count-icon

32