ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးကွက်တွင် ငွေကြေးတန်ဖိုးပြောင်းလဲမှုနှင့်အတူ ခေါ်ဈေးများမှာ ၂၀၂၁ ခုနှစ်မတိုင်ခင်ကထက် ငါးဆခန့်အထိ စံချိန်တင်မြင့်တက်နေပြီး မြို့စွန်ရွှေပြည်သာကဲ့သို့ နေရာမျိုး၌ပင် သိန်းထောင်ချီဈေးခေါ်နေကြသော်လည်း အမှန်တကယ်ဝယ်ယူသူနည်းပါးကာ ဈေးကွက်အေးနေကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များထံမှ သိရသည်။ ရင်းနှီးမြှုပ်နှံသူအများစုမှာ သယ်ယူရလွယ်ကူသည့် ရွှေဘက်သို့ လှည့်သွားကြသဖြင့် မြို့တွင်းခြံမြေများ အဝယ်နည်းနေချိန်တွင် ဈေးနှုန်းသင့်တင့်သည့် မှော်ဘီ၊ တိုက်ကြီးနှင့် သန်လျင်ကဲ့သို့ မြို့ပြင်ဒေသများရှိ ခြံမြေများကိုသာ လူစိတ်ဝင်စားမှုနှင့် အဝယ်လိုက်မှု ပိုမိုများပြားနေကြောင်း တွေ့ရှိရသည်။
Dec 30 • 7:37 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 25 | 0 | 0 | 0 |


