လာအိုနိုင်ငံတောင်ပိုင်းမှ လူငယ်အဆိုတော် ချန်ခွန်ချန်း သည် ထိုင်းနိုင်ငံ၏ နာမည်ကြီး တေးဂီတပြိုင်ပွဲတစ်ခုဖြစ်သည့် Mai Thong Kham (ရွှေမိုက်ခရိုဖုန်း) ပြိုင်ပွဲ၏ လူငယ်ကဏ္ဍ (Teen Category) တွင် ပထမဆု ဆွတ်ခူးရရှိခဲ့သည်။ အဆိုပါ ဗိုလ်လုပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ဘန်ကောက်မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ဤပြိုင်ပွဲသည် အသက်အရွယ်နှင့် ကျား၊ မ မရွေး ထူးခြားသည့် အသံပိုင်ရှင် တိုင်းရင်းသားကျေးလက်တေးသီချင်း (Folk Singers) အဆိုတော်ကောင်းများကို မြေတောင်မြှောက်ပေးသည့် ပြိုင်ပွဲအဖြစ် လူသိများကျော်ကြားပါသည်။
Dec 30 • 7:35 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


