ရုရှားက ဗလာဒီမာပူတင်၏ နေအိမ်ကို ယူကရိန်းက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့သော်လည်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထိုစွပ်စွဲချက်ကို ငြင်းဆိုလိုက်သည်။ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဒရုန်း ၉၁ စီးဖြင့် တိုက်ခိုက်ခဲ့သော်လည်း အားလုံးကို ဖျက်ဆီးနိုင်ခဲ့ပြီး ပျက်စီးမှုမရှိဟု ဆိုသည်။ ထို့ပြင် ယင်းဖြစ်စဉ်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုအနေအထားကို ပြန်လည်သုံးသပ်သွားမည်ဟု ရုရှားက ပြောကြားခဲ့သည်။ဇီလန်စကီးက ယင်းမှာ ရုရှား၏ လှည့်စားမှုသာဖြစ်ပြီး တိုက်ခိုက်မှု ဆက်လုပ်ရန် အကြောင်းပြချက်ဖန်တီးခြင်းသာဖြစ်သည်ဟု ပယ်ချပြောဆိုခဲ့သည်။ ထို့အပြင် ရေရှည်ငြိမ်းချမ်းရေးလုပ်ငန်းကို အားနည်းအောင် ရုရှားက လုပ်ဆောင်မှုကို ခွင့်မပြုနိုင်ဟု ၎င်းက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။



