ပြည်တွင်း၌ဒီဇင်ဘာ ပိတ်ရက်များကြောင့် မတ်ပဲဈေးက ဒီတစ်ပတ်တွင်လည်း ထပ်မံကျဆင်းလာပြီး တစ်တန်လျှင် ကျပ် ၂၇ သိန်းအောက်သို့ ပြန်လည်ကျဆင်းသွားကြောင်း တွေ့ရပါသည်။ အရင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် တစ်တန်လျှင် ကျပ် ၆၀,၀၀၀ ခန့် ဈေးကျသွားခြင်း ဖြစ်ပါသည်။ဒီဇင်ဘာ ပိတ်ရက်အတွင်း ကုန်စည်ဒိုင်များ ပိတ်ထားသည့်အချိန်များ ရှိခဲ့ခြင်းကြောင့် ဈေးကွက်တွင် အကျပိုင်း သက်ရောက်မှု ရှိနေပါသည်။လက်ရှိတွင် မတ်ပဲကို ပြည်ပသို့ တင်ပို့နေသော်လည်း ပဲအသစ်များ ဈေးကွက်ထဲ ဝင်ရောက်လာခြင်းနှင့် အရည်အသွေး မကောင်းသော ပဲများ ရောနှောဝင်ရောက်လာခြင်းတို့ကြောင့် ဈေးကျနေကြောင်း ကုန်သည်များက သုံးသပ်ကြပါသည်။အာလူးဈေးမှာ ပြည်တွင်း ဒေသထွက်အာလူးနှင့် တရုတ်အာလူး နှစ်မျိုးစလုံး ဈေးကျနေကြောင်း သိရပါသည်။ ဒေသထွက်အာလူးများအနက် လုပ်ငန်းသုံး ရမ်းဘား အကြော်သီးဆိုက် အကြီးများ၏ ဈေးနှုန်းမှာ အထူးသဖြင့် ပြန်လည်ကျဆင်းနေပါသည်။


