back

မန်ယူနိုက်တက်အသင်းကစားကွက်ကို ပြောင်းလဲရမယ့်အချိန်လို့ အာမိုရင်မ် ပြောကြား

Dec 30 • 3:28 AM

breaking-news

မြန်မာ

ပြည်ပ

cover

မန်ယူနိုက်တက်အသင်းကစားကွက်ကို ပြောင်းလဲရမယ့်အချိန်လို့ အာမိုရင်မ် ပြောကြား

မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က အသင်းကစားကွက်ကို ပြောင်းလဲရမယ့်အချိန် ရောက်လာလို့ ပြောင်းလဲခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။အာမိုရင်မ်ဟာ သူ့လက်ထက် ပထ...

မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က အသင်းကစားကွက်ကို ပြောင်းလဲရမယ့်အချိန် ရောက်လာလို့ ပြောင်းလဲခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။အာမိုရင်မ်ဟာ သူ့လက်ထက် ပထမဆုံးအဖြစ် နယူးကာဆယ်နဲ့ပွဲမှာ Three Back အစား Four Back ကစားခဲ့တာဖြစ်တယ်။မန်ယူနိုက်တက်အသင်းဟာ အဲဒီပွဲ ပွဲပြီးခါနီးမှာ holding midfielder နှစ်ဦးပါ ခံစစ်ဆင်းကူပြီး အခုရာသီ ဒုတိယမြောက် Clean Sheet ကို ရယူခဲ့ပါတယ်။၎င်းက မီဒီယာဖိအားကြောင့် ကစားကွက်ကို ပြောင်းလဲခဲ့ရင် သူ့ကို အဆုံးသတ်သွားစေမယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

news-view-count-icon

41