back

ရှမ်းပြည်နယ်၊တာချီလိတ် Motelတစ်ခုတွင် ထိုင်းများ အွန်လိုင်းဂိမ်းနှင့်ကျားဖြန့် လုပ်နေဟု ဒေသခံများပြော

Dec 30 • 3:40 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊တာချီလိတ် Motelတစ်ခုတွင် ထိုင်းများ အွန်လိုင်းဂိမ်းနှင့်ကျားဖြန့် လုပ်နေဟု ဒေသခံများပြော

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် လဝကရုံးအနီးရှိ Motel တွင် ထိုင်းနိုင်ငံသားများ ဦးဆောင်သည့် အွန်လိုင်းလောင်းကစား လုပ်ငန်းကို ၂၄ နာရီပတ်လုံး လုပ်ကိုင်နေကြ...

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် လဝကရုံးအနီးရှိ Motel တွင် ထိုင်းနိုင်ငံသားများ ဦးဆောင်သည့် အွန်လိုင်းလောင်းကစား လုပ်ငန်းကို ၂၄ နာရီပတ်လုံး လုပ်ကိုင်နေကြောင်း ဒေသခံများထံမှ သိရသည်။၎င်းနေရာသည် ၄ ထပ်တိုက် အဆောက်အဦးဖြစ်ပြီး မိုတယ်ဆိုင်းဘုတ် တပ်ဆင်ထားသော်လည်း ပြင်ပ ဧည့် သည်များကို တည်းခိုခွင့်မပေးဘဲ အဆောက်အဦကို ၂၄ နာရီပတ်လုံး လုံခြုံရေး အစောင့်အကြပ်များဖြင့် တင်းကျပ်စွာ စစ်ဆေးနေပြီး အွန်လိုင်းလုပ်ငန်း လုပ်ကိုင်သူများကိုသာ ဝင်ထွက်ခွင့် ပေးထားကြောင်း သိရသည်။ယင်းလုပ်ငန်းကို ထိုင်းနိုင်ငံသားများ အပါအဝင် လူဦးရေ ၁၀၀ ကျော်ဖြင့် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ လည်ပတ်နေခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

news-view-count-icon

32