back

ရခိုင်သို့ ဒီဇယ်နဲ့ ဘိလပ်မြေတင်သွင်းတဲ့ ငါးဖမ်းလှေတစ်စီးကို လူ ၁၁ ဦးနဲ့အတူ ဘင်္ဂလားရေတပ်ဖမ်းဆီး

Dec 30 • 3:23 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်သို့ ဒီဇယ်နဲ့ ဘိလပ်မြေတင်သွင်းတဲ့ ငါးဖမ်းလှေတစ်စီးကို လူ ၁၁ ဦးနဲ့အတူ ဘင်္ဂလားရေတပ်ဖမ်းဆီး

ရခိုင်သို့ ဒီဇယ်နဲ့ ဘိလပ်မြေအိတ်တွေမှောင်ခိုတင်သွင်းတဲ့ ငါးဖမ်းလှေတစ်စီးကို ဘင်္ဂလားရေတပ်က ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် စစ်တပ် ISPR က သတင်းထုတ်ပြန်ပါတယ်။ ဘ...

ရခိုင်သို့ ဒီဇယ်နဲ့ ဘိလပ်မြေအိတ်တွေမှောင်ခိုတင်သွင်းတဲ့ ငါးဖမ်းလှေတစ်စီးကို ဘင်္ဂလားရေတပ်က ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် စစ်တပ် ISPR က သတင်းထုတ်ပြန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရေတပ်သင်္ဘောတစ်စီးဟာ ဒီဇင်ဘာ ၂၆ နေ့ ကင်းလှည့်မှုတစ်ခုအတွင်း အင်ဂျင်တပ် လှေတစ်စင်း အပါအဝင် ဒီဇယ် ၁,၀၀၀ လီတာ၊ ဘိလပ်မြေအိတ် ၆၅၀ နှင့် မှောင်ခိုသမား ၁၁ ဦးကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ မှောင်ခိုရောင်းဝယ်မှုနှင့် ဆက်စပ်နေတဲ့ ငါးဖမ်းစက်လှေပေါ်ပါတဲ့ ၁၁ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဒီဇယ်နဲ့ ဘိလပ်မြေတွေကို ရခိုင်ကို တင်ပို့နေတာဟာ အကျိုးအမြတ်ပိုမိုရရှိဖို့ မျှော်လင့်ချက်နဲ့ တင်ပို့နေတာလို့ ဆိုပါတယ်။ဖမ်းဆီးရမိတဲ့ ကုန်ပစ္စည်းတွေနဲ့ လူတွေကို အရေးယူမှုများ ပြုလုပ်ဖို့အတွက် ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

news-view-count-icon

20