back

စင်ကာပူကဝန်ထမ်း ထက်ဝက်ကျော်က လစာတိုးနှုန်းနဲ့ ဘောနပ်စ်ကို စိတ်တိုင်းမကျတိုင်း အလုပ်ထွက်ဖို့ ပြင်ဆင်ကြ

Dec 30 • 3:24 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူကဝန်ထမ်း ထက်ဝက်ကျော်က လစာတိုးနှုန်းနဲ့ ဘောနပ်စ်ကို စိတ်တိုင်းမကျတိုင်း အလုပ်ထွက်ဖို့ ပြင်ဆင်ကြ

စင်ကာပူနိုင်ငံက ကုမ္ပဏီအသီးသီးမှာ ဝန်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်နေကြတဲ့ အချိန်ဖြစ်တာကြောင့် အခု ၂၀၂၆ ခုနှစ်အတွက် လစာတိုးမြှင့်မှုနဲ့ ဘောန...

စင်ကာပူနိုင်ငံက ကုမ္ပဏီအသီးသီးမှာ ဝန်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်နေကြတဲ့ အချိန်ဖြစ်တာကြောင့် အခု ၂၀၂၆ ခုနှစ်အတွက် လစာတိုးမြှင့်မှုနဲ့ ဘောနပ်စ်ကိစ္စတွေက အလုပ်သမားတွေကြားမှာ အဓိက စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။Randstad Singapore က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ စင်ကာပူက အလုပ်သမား ၅၃ ရာခိုင်နှုန်းဟာ သူတို့ရရှိမယ့် လစာတိုးနှုန်း ဒါမှမဟုတ် ဘောနပ်စ်အပေါ် စိတ်ကျေနပ်မှု မရှိဘူးဆိုရင် ပိုကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေဆီ ပြောင်းရွှေ့ဖို့ အစီအစဉ်ရှိနေကြပါတယ်။ဒီစစ်တမ်းကို စင်ကာပူက အလုပ်သမား ၅၀၀ ကို မေးမြန်းပြုလုပ်ခဲ့တာဖြစ်ပြီး ဖြေဆိုသူ ၆၄ ရာခိုင်နှုန်းကတော့ ၂၀၂၆ ခုနှစ်မှာ လစာတိုးနှုန်း ၅ ရာခိုင်နှုန်းအောက်သာ ရရှိဖို့ မျှော်လင့်ထားကြပါတယ်။ စစ်တမ်းအရ ဝန်ထမ်း ၆၄ ရာခိုင်နှုန်းက အလုပ်အသစ် ပြောင်းချင်ကြပေမဲ့ ၂၂ ရာခိုင်နှုန်းကသာ တကယ်တမ်း အလုပ်လျှောက်နေကြတာ ဖြစ်ပါတယ်။ ကျန်တဲ့ ၄၁ ရာခိုင်နှုန်းကတော့ အလုပ်အကိုင်ကောင်းရင် ပြောင်းဖို့ အသင့်ရှိပေမဲ့ လက်ရှိအလုပ်မှာ အေးအေးဆေးဆေး လုပ်ကိုင်နေကြသူတွေ ဖြစ်တာကြောင့် အလုပ်ရှင်တွေအနေနဲ့ သူတို့လို အရည်အချင်းရှိသူတွေကို ရှာဖွေဖို့ ခက်ခဲနိုင်ပါတယ်။

news-view-count-icon

11