မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသား ၃၁ ဦးအပါအဝင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် ဂမ်ဘီယာနိုင်ငံသား စုစုပေါင်း ၃၅ ဦးအား သက်ဆိုင်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။ဂျိုဟိုးပြည်နယ် ၊ Pekan Nenas လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံခဲ့ရသည့် ၎င်းနိုင်ငံသားများအား ယခုဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းတွင် ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံသားအားလုံးကို ကွာလမ်လမ်ပူ KLIA 1 နှင့် KLIA 2 အပြည်ပြည်ဆိုင်ရာလေဆိပ်များအပြင် Senai အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှတစ်ဆင့် ၎င်းတို့၏ မူရင်းနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။နေရပ်ပြန်ပို့ခံရသူအားလုံးကို လူဝင်မှုကြီးကြပ်ရေးဌာန၏ စနစ်အတွင်း အမည်ပျက်စာရင်း (Blacklist) သွင်းထားပြီး သတ်မှတ်ထားသော ကာလအတွင်း နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။



