ဒီဇင်ဘာလကုန်ခါနီးဖြစ်ပြီး ရန်ကုန်၊မန္တလေးနဲ့ ပဲခူးပါပိုအေးလာတော့မှာဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။နောက် ၂ ရက်အတွက်ခန့်မှန်းချက်အဖြစ် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ညအပူချိန်တွေ အနည်းငယ် လျော့နည်းနိုင်လာနိုင်တယ်လို့ဆိုပါတယ်။စိုစွတ်အေးမြတဲ့ လာနီညာဖြစ်စဉ်လည်းဖြစ်နေဆဲမို့ မနက်အစောပိုင်းနဲ့ညပိုင်းတွေမှာပိုအေးလာတော့မှာဖြစ်တယ်လို့ သိရပါတယ်။



