ထိုင်းနိုင်ငံတွင် ဘတ်ခေါ် နေထိုင်လုပ်ကိုင်ခွင့်အား “e-Work permit” စနစ်ဖြင့်လျှောက်ထားခဲ့သည့် အလုပ်သမားပေါင်း ၇၂၅၀၀၀ ကျော်ရှိခဲ့ကြောင်းထိုင်းအလုပ်အကိုင် ခန့်ထားရေးဌာန DOE က ထုတ်ပြန်ချက်အရ သိရသည်။အထောက်အထားမပြည့်စုံသော နိုင်ငံခြားသားအလုပ်သမားများအတွက် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) လျှောက်ထားပေးနိုင်သည့် “e-Work Permit” စနစ်ကို ဒီဇင်ဘာ ၁၂ ရက်မှ ဖွင့်လှစ်ခဲ့ရာ လျှောက်လွှာပိတ်ရန်တစ်ရက်အလို ဒီဇင်ဘာ ၂၅ ရက်အထိ လျှောက်ထားသူဦးရေ ၇၂၅,၀၀၀ ကျော်အထိ ရှိခဲ့ ကြောင်း သိရသည်။အလုပ်အကိုင်ခန့်ထားရေး ဦးစီးဌာနမှ Outsourcing Service နှင့် ပူးပေါင်း၍ တရားမဝင်ဖြစ်နေသော မြန်မာ၊လာအိုနှင့် ဗီယက်နမ်နိုင်ငံသား အလုပ်သမားများအတွက် အလုပ်ရှင် သို့မဟုတ် လွှဲအပ်ခြင်းခံရသော အကျိုးဆောင်ကုမ္ပဏီများမှတစ်ဆင့် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားပေးနိုင်ရန် အွန်လိုင်းစနစ်ဖြင့် စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အလုပ်လုပ်ခွင့်လက်မှတ် (ဘိုင်အနုမတ်စာရွက်) Work Permit များကို ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်၌
နောက်ဆုံးထားထုတ်ပေးမည်ဖြစ်ပြီး လာမည့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ နေထိုင်ခွင့်သက်တမ်း တစ်နှစ်ရရှိမည်ဖြစ်ပါတယ်။



