ထိုင်းနိုင်ငံတွင် အသက် ၂၆ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးဖြစ်တဲ့ Alvardo ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က ပတ္တရားက ကွန်ဒိုမှာ ယောက်ျား နိုင်ငံခြားသားနဲ့ ရန်ဖြစ်ရင်း ၂၅ ထပ် အမြင့်ကနေ ပြုတ်ကျခဲ့ပေမယ့် အလွန်ထူးဆန်းစွာ မသေတဲ့ဖြစ်ရပ်က လူပြောများနေပါတယ်။ Pattaya Sai Sam လမ်းက ကွန်ဒိုကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ လာရောက်ပေးဖို့အကြောင်းကြားခဲ့တဲ့အတွက် ၂၈ ရက် မနက် ၇ နာရီကြီး သွားကယ်တဲ့အချိန်မှာ သူ့ကို ကွန်ဒိုရဲ့ ရေကူးကန်ထဲ ပြုတ်ကျ၊ ဒဏ်ရာတွေက ပြင်းထန်၊ ပါးစပ်နဲ့ နှားခေါင်ကနေ သွေးထွက်နေတာတွေ့လို့ အရေးပေါ် ကယ်ဆယ်မှုတွေလုပ်ပေးပြီး ဆေးရုံပို့ဆောင်ခဲံပါတယ်။မျက်မြင်သက်သေတွေရဲ့အဆိုအရ သူတို့ လင်မယားဟာ ရန်ဖြစ်နေတာဖြစ်ပြီး အထပ် ၂၅ ထပ်မှာ နေကြောင်း၊ ရန်ဖြစ်ပြီး မကြာခင်ပဲ ပြုတ်ကျလာတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ သူ့ ယောကျ်ားကို ရဲစခန်းမှာ စစ်ဆေးနေပြီး၊ CCTV ကင်မရာနဲ့ ပတ်လည်မှာရှိသမျှကနေ ရသလောက် စုံစမ်းစစ်ဆေးနေပါသည်။
Dec 30 • 3:18 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


