တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၌ ကျင်းပသည့် (၁၉) ကြိမ်မြောက် မြန်မာ-တရုတ် ကျောက်မျက်ကုန်သည်များ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး မိတ်ဆုံစားပွဲသို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ တက်ရောက်ခဲ့သည်။ သံအမတ်ကြီးက နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်ပြီဖြစ်ကြောင်းနှင့် နယ်စပ်ဒေသ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုမှာ အရေးကြီးကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ယခုအချိန်သည် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးအချိန်ဖြစ်သဖြင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ကြရန် မြန်မာအစိုးရကိုယ်စား ဖိတ်ခေါ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တဲဟုန်နှင့် ရွှေလီမြို့မှ တာဝန်ရှိသူများ၊ ကျောက်မျက်လုပ်ငန်းရှင်များ စုစုပေါင်း ၂,၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ် ကျောက်မျက်ကုန်သည်များ မိတ်ဆုံစားပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက်ပြီး ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
Dec 30 • 1:48 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 21 | 0 | 0 | 0 |


