ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်တိုင်းရှိ မြို့နယ် ၁၂ ခုတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီးနောက်၊ အပိုင်း (၂) ကို လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၆ ခု (ဗဟန်း၊ အင်းစိန်၊ ရွှေပြည်သာ အပါအဝင်) ၌ မဲရုံပေါင်း ၁,၁၇၁ ရုံဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ ထို့ပြင် အပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက်တွင် ကျန်ရှိသည့် မြို့နယ် ၁၇ ခု၌ မဲရုံ ၁,၃၀၀ ဖြင့် ကျင်းပမည်ဖြစ်ရာ ရန်ကုန်တိုင်းတစ်တိုင်းလုံးတွင် မြို့နယ် ၄၅ ခု၊ မဲရုံပေါင်း ၃,၇၈၄ ရုံ၌ မဲဆန္ဒရှင် ၄.၉ သန်းကျော်က မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM) ကို အသုံးပြုကာ ဆန္ဒမဲပေးကြမည်ဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းအတွင်း နိုင်ငံရေးပါတီ ၂၀ နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ စုစုပေါင်း ၉၈၂ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်း၌ ရွေးကောက်ပွဲအပိုင်း (၂) ကို ဇန်နဝါရီ ၁၁ ရက်တွင် မဲရုံပေါင်း ၁,၁၇၁ ရုံဖြင့် ဆက်လက်ကျင်းပမည်
Dec 30 • 1:49 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 21 | 0 | 0 | 0 |


