back

သုံးနိုင်ငံမဆွေးနွေးမီထိုင်း-ကမ္ဘောဒီးယားအပ-စ်ရပ်‌မှုကို တရုတ်က ကြိုဆို

Dec 30 • 1:46 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

သုံးနိုင်ငံမဆွေးနွေးမီထိုင်း-ကမ္ဘောဒီးယားအပ-စ်ရပ်‌မှုကို တရုတ်က ကြိုဆို

ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး လူ ၁၀၁ ဦး သေဆုံးကာ ၅ သိန်းကျော် နေရပ်စွန့်ခွာခဲ့ရသည့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခများအပြီး ရရှိလာသော ဒုတိယအကြိမ်မြ...

ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး လူ ၁၀၁ ဦး သေဆုံးကာ ၅ သိန်းကျော် နေရပ်စွန့်ခွာခဲ့ရသည့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခများအပြီး ရရှိလာသော ဒုတိယအကြိမ်မြောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို တရုတ်နိုင်ငံက ဝမ်းမြောက်စွာ ကြိုဆိုလိုက်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယူနန်ပြည်နယ်တွင် ပြုလုပ်မည့် နှစ်ရက်ကြာ သုံးနိုင်ငံဆွေးနွေးပွဲ မတိုင်မီ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံကာ ယခုအပစ်ရပ်မှုကို ငြိမ်းချမ်းရေးအတွက် အရေးပါသော ခြေလှမ်းဟု ချီးကျူးခဲ့ပြီး၊ နှစ်နိုင်ငံအကြား ရေရှည်တည်တံ့သော အပစ်ရပ်စဲရေးနှင့် ယုံကြည်မှု ပြန်လည်တည်ဆောက်ရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် နေရပ်စွန့်ခွာရသူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် အသင့်ရှိကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

news-view-count-icon

22