(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ယားဖေး အခြေခံပညာမူလတန်းကျောင်း(ခွဲ)၏ (၆၀ x ၃၀) ပေ Rcc တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေး အပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီက နောင်ယားဖေးကျေးရွာရှိ အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပသည်။ထို့နောက် တာဝန်ယူတည်ဆောက်သည့် ဓနတိုးပွားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ်ဆိုင်ရာ စာရွက်စာတမ်းများကို ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင်မိဘတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
Dec 30 • 1:41 AM
မြန်မာ
ကရင်
မျှဝေမည်
| 17 | 0 | 0 | 0 |


