မက္ကဆီကိုနိုင်ငံ၊ ဝါဟာကာပြည်နယ်တောင်ပိုင်းတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့က လူပေါင်း ၂၅၀ ခန့် တင်ဆောင်လာသည့် မီးရထားတစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး ၉၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မက္ကဆီကိုသမ္မတ ရှိန်းဘောင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။ အဆိုပါ ရထားလမ်းသည် ၂၀၂၃ ခုနှစ်ကမှ ဖွင့်လှစ်ခဲ့သည့် ပစိဖိတ်ဆိပ်ကမ်းနှင့် မက္ကဆီကိုပင်လယ်ကွေ့တို့ကို ချိတ်ဆက်ထားသော အဓိကလမ်းပိုင်းဖြစ်ပြီး၊ လက်ရှိတွင် မက္ကဆီကိုရှေ့နေချုပ်ရုံးက မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကာ ဒဏ်ရာရသူများအနက် ၅ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။
Dec 30 • 1:39 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 30 | 0 | 0 | 0 |


