back

ရှမ်းပြည်နယ်၊ပအိုဝ်းဒေသ ကျောက်တန်းရွာ ချယ်ရီပန်းပွဲတော်သို့ လာရောက် လည်ပတ်သူများပြား

Dec 30 • 1:35 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ပအိုဝ်းဒေသ ကျောက်တန်းရွာ ချယ်ရီပန်းပွဲတော်သို့ လာရောက် လည်ပတ်သူများပြား

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက်တန်းရွာ ချယ်ရီ ပန်းပွဲတော်ကို ဒီဇင်ဘာလ ၂၇ ရက်တွင် စတင် ကျင်းပခဲ့ခြင်း ဖြစ်ပ...

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက်တန်းရွာ ချယ်ရီ ပန်းပွဲတော်ကို ဒီဇင်ဘာလ ၂၇ ရက်တွင် စတင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဘော်လုံးပွဲနှင့် တွဲ၍ ချယ်ရီ ပန်းပွဲတော်ကို ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း ကော်မတီ ထံမှ သိရသည်။ ကျောက်တန်းရွာ ချယ်ရီပင်များသည် အရမ်းချမ်းအေးလွန်းသော ရာသီတွင် လှပစွာ ဖူးပွင့်ဝေဆာလျက် ရှိကာ ချယ်ရီပင်တန်း နှင့် ချယ်ရီပန်းပွဲတော်ကို လာရောက် လည်ပတ်သူ ဧည့်သည်များပြားခဲ့ကြောင်း သိရသည်။ ကျောက်တန်း ချယ်ရီပင်များကို ထိန်းသိမ်းကြရန် နှင့် ချယ်ရီပန်း မခူးကြရန် သတိပေး စာတန်းများ ချိတ်ဆွဲထားပြီး အသိပေးခြင်းများလည်း ရှိသည်။ကျောက်တန်း ချယ်ရီပင်များသည် သက်တမ်းအားဖြင့် ဆယ်နှစ်ကျော် ရှိပြီး၊ ပန်းပွင့်ချိန် သက်တမ်း ၆ နှစ်မှ ၇ နှစ် အတွင်း ရှိနေပြီ ဖြစ်ကြောင်း ဒေသခံ ပြောပြချက် အရ သိရသည်။ကျောက်တန်းရွာရှိ ချယ်ရီပင် အားလုံး ဖူးပွင့်ရန်ရက် အနည်းငယ် လိုသေးပြီး ကျောက်တန်း ကျောင်းဘက် ရှိ အပင်များသည် အဖူးပင် မဖူးသေးကြောင်း ဒေသခံ က ဆိုသည်။ကျောက်တန်းရွာ ချယ်ရီပင်တန်းသည် ရွာအဝင်လမ်း လျှောက်လမ်း တစ်လျှောက် ချယ်ရီပင်များ စီတန်း စိုက်ပျိုးထား သဖြင့် လှပသော ချယ်ရီပင်တန်းကို လာရောက်လည်ပတ်သူ ဧည့်သည်များက အထူးစိတ်ကျေနပ်မှု ရှိကြောင်းပြောဆိုကြ သည်။

news-view-count-icon

86