back

မွန်ပြည်နယ်တွင် မြေနိမ့်ကော်ဖီကို ရော်ဘာပင်များကြား သီးညှပ်စိုက်ပျိုးရန်အတွက် စိတ်ဝင်စားသည့် လုပ်ငန်းရှင် များပြားလာ

Dec 30 • 1:25 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်တွင် မြေနိမ့်ကော်ဖီကို ရော်ဘာပင်များကြား သီးညှပ်စိုက်ပျိုးရန်အတွက် စိတ်ဝင်စားသည့် လုပ်ငန်းရှင် များပြားလာ

မွန်ပြည်နယ်တွင် မြေနိမ့်ကော်ဖီကို ရော်ဘာပင်များကြား သီးညှပ်စိုက်ပျိုးရန်အတွက် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များပြားကြောင်း သိရသည်။ပြီးခဲ့သည့် နှစ်နှစ်ခန့်မှ စတင်...

မွန်ပြည်နယ်တွင် မြေနိမ့်ကော်ဖီကို ရော်ဘာပင်များကြား သီးညှပ်စိုက်ပျိုးရန်အတွက် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များပြားကြောင်း သိရသည်။ပြီးခဲ့သည့် နှစ်နှစ်ခန့်မှ စတင်ကာ မွန်ပြည်နယ်ရှိ ရော်ဘာခြံကြီးများတွင် ပြည်နယ်အစိုးရအစီ အစဉ်ဖြင့် မြေနိမ့်ကော်ဖီအမျိုးအစား ရိုဘတ်စတာကော်ဖီနှင့် ငရုတ်ကောင်းပင်များကို စမ်းသပ်စိုက်ပျိုးခဲ့ကြောင်း သိရသည်။မွန်ပြည်နယ်တွင် စိုက်ပျိုးထားရှိပြီးဖြစ်သည့် ရော်ဘာ၊ မင်းကွတ်၊ ဒူးရင်း စသည့် နှစ်ရှည်ပင်များအတွင်း မြေနိမ့်ကော်ဖီကို သီးညှပ်စိုက်ပျိုးရန်အတွက်လည်း ညွှန်ကြားထားသည်ဟု သိရသည်။

news-view-count-icon

31