back

စင်ကာပူ Bras Basah Complex တွင် ၂၀၂၆ မြင်းနှစ်အတွက် ၁၂ ရာသီဖွား ဟောကိန်းများ စောစီးစွာ ထွက်ရှိလာ

Dec 30 • 1:24 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူ Bras Basah Complex တွင် ၂၀၂၆ မြင်းနှစ်အတွက် ၁၂ ရာသီဖွား ဟောကိန်းများ စောစီးစွာ ထွက်ရှိလာ

စင်ကာပူနိုင်ငံ၊ Bras Basah Complex ရှိ Popular စာအုပ်ဆိုင်ရှေ့တွင် လာမည့် ၂၀၂၆ ခုနှစ်၊ မြင်းနှစ် (Year of the Horse) အတွက် ၁၂ ရာသီဖွား တစ်နှစ်စာကံဇာတာဟောကိန်း ဗ...

စင်ကာပူနိုင်ငံ၊ Bras Basah Complex ရှိ Popular စာအုပ်ဆိုင်ရှေ့တွင် လာမည့် ၂၀၂၆ ခုနှစ်၊ မြင်းနှစ် (Year of the Horse) အတွက် ၁၂ ရာသီဖွား တစ်နှစ်စာကံဇာတာဟောကိန်း ဗီနိုင်းပိုစတာများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်ကာ စောစီးစွာ ချိတ်ဆွဲပြသထားရာ ဒေသခံများကြား စိတ်ဝင်စားမှု မြင့်တက်နေသည်။ အဆိုပါဟောကိန်းများအရ "ယုန်နှစ်ဖွား" များမှာ ကံအကောင်းဆုံး အဆင့် (၁) နေရာတွင် ရှိနေပြီး "ကြွက်နှစ်ဖွား" များမှာ ကံဇာတာ အားအနည်းဆုံး အဆင့် (၁၂) နေရာ၌ ရှိနေကြောင်း ဖော်ပြထားကာ၊ နှစ်သစ်အတွက် ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် သတိထားနေထိုင်နိုင်ရန် ရည်ရွယ်၍ နှစ်စဉ်နှစ်တိုင်း တရုတ်နှစ်သစ်ကူးမတိုင်မီ ယခုကဲ့သို့ ကြိုတင်ထုတ်ပြန်လေ့ရှိခြင်း ဖြစ်သည်။

news-view-count-icon

18