back

အာဆင်နယ်နောက်ခံလူဟောင်း ကလစ်ချီကို ဘာပေပိုင်ဆိုင်သည့် ကိန်းအသင်း၏ နည်းပြသစ်အဖြစ် ခန့်အပ်

Dec 30 • 1:28 AM

breaking-news

မြန်မာ

ပြည်ပ

cover

အာဆင်နယ်နောက်ခံလူဟောင်း ကလစ်ချီကို ဘာပေပိုင်ဆိုင်သည့် ကိန်းအသင်း၏ နည်းပြသစ်အဖြစ် ခန့်အပ်

အာဆင်နယ်နှင့် မန်စီးတီးနောက်ခံလူဟောင်း ဂေးလ်ကလစ်ချီ (Gael Clichy) သည် ပြင်သစ်ဒုတိယတန်းကလပ် ကိန်း (SM Caen) အသင်း၏ နည်းပြအဖြစ် ခန့်အပ်ခြင်းခံရကြောင်း သိရသည်။ အသက...

အာဆင်နယ်နှင့် မန်စီးတီးနောက်ခံလူဟောင်း ဂေးလ်ကလစ်ချီ (Gael Clichy) သည် ပြင်သစ်ဒုတိယတန်းကလပ် ကိန်း (SM Caen) အသင်း၏ နည်းပြအဖြစ် ခန့်အပ်ခြင်းခံရကြောင်း သိရသည်။ အသက် ၄၀ အရွယ်ရှိပြီဖြစ်သော ကလစ်ချီသည် ယခင်က ပြင်သစ် ယူ-၂၁ အသင်းတွင် အွန်နရီ၏ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သည်။ ထူးခြားချက်မှာ ကိန်းအသင်းသည် ရီးယဲလ်မက်ဒရစ်ကြယ်ပွင့် ဘာပေ (Kylian Mbappé) ပိုင်ဆိုင်သည့် ကလပ်အသင်းဖြစ်ပြီး ကလစ်ချီအတွက်မူ ၎င်း၏ ပထမဆုံးသော အသင်းကြီးနည်းပြဘဝ စတင်ခြင်းလည်း ဖြစ်သည်။

news-view-count-icon

26