လမ်းဘေးဓာတ်တိုင်ကို ဆိုင်ကယ်တစ်စီးမှ ဝင်တိုက်မိပြီး ဆိုင်ကယ်စီးနင်းသူမှာ အခင်းဖြစ်ရာနေရာ၌ ေ*သဆုံးသွားသည့် ဖြစ်ရပ်တစ်ခု ယနေ့(ဒီဇင်ဘာ ၂၉ ရက်) နံနက် ၅ နာရီ ၂၀ မိနစ် အချိန်ခန့်က ပြည်မြို့၊ ဆင်စုရပ်၊ သာယာရွှေပြည်ဟိုတယ်အနီး၌ ဖြစ်ပွားခဲ့ကြောင်း ဒေသအခြေစိုက်လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ဓာတ်တိုင်ကို ဝင်တိုက်မိသော ဆိုင်ကယ်စီးနင်းသူအမျိုးသားမှာ ဦးခေါင်းနှဖူးကွဲဒဏ်ရာ၊ ဘယ်ဘက်ခြေသလုံးပွင့်ထွက်ကျိုး ဒဏ်ရာတို့ဖြင့် နေရာ၌ပင် ေ*သဆုံးနေခြင်းလည်းဖြစ်ကြောင်း သိရသည်။



