နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်-မြန်မာသံတမန်သင်တန်းကျောင်း (Myanmar Diplomatic Academy–MDA) ၌ ဖွင့်လှစ်လျက်ရှိသည့် သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်းကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov က ဒီဇင်ဘာ ၂၄ ရက်နေ့က သင်ခန်းစာလာရောက်ပို့ချခဲ့ကြောင်း သိရသည်။အဆိုပါပို့ချမှုအတွင်း အာရှ-ပစိဖိတ်ဒေသအတွင်း နိုင်ငံရေး၊ သံတမန်ရေးရာအားပြိုင်မှုများ၊ ပြင်ပနိုင်ငံများမှ သက်ရောက်မှုများ၊ အာဆီယံ၏ အချက်အချာကျမှုနှင့် နှစ်အလိုက် အာဆီယံဥက္ကဌတာဝန်ထမ်းဆောင်မှုနှင့် အလားအလာများ၊ အာရှနှင့် အနောက်နိုင်ငံများအကြား သံတမန်ဆက်ဆံရေးတိုကို ဆွေးနွေးခဲ့ကြောင်း သိရသည်။သင်တန်းသား၊ သင်တန်းသူများက ကမ္ဘာ့အင်အားချိန်ခွင်လျှာ အရွေ့များနှင့်စပ်လျဉ်း၍ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။



