တောင်ကိုရီးယားသမ္မတကတော်ဟောင်း ကင်ကွမ်ဟီးသည် တန်ဖိုးကြီး အနုပညာပစ္စည်းများ၊ လက်ဝတ်ရတနာများနှင့် လက်ကိုင်အိတ်များအပါအဝင် ဒေါ်လာ ၂၀၀၀၀၀ ကျော်တန်ဖိုးရှိ တံစိုးလက်ဆောင် များကို လက်ခံရယူခဲ့ကြောင်း အစိုးရရှေ့နေများက ဒီဇင်ဘာ ၂၉ ရက်တွင် စွပ်စွဲခဲ့သည်။ တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆော့ယို၏ ဇနီးဖြစ်သူ ကင်သည် သြဂုတ်လက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အငြင်းပွားဖွယ် ဘုရားကျောင်းတစ်ခုထံမှ တံစိုးလက်ဆောင်များရယူခဲ့ပြီး စတော့ရှယ်ယာစျေးကွက်ကို ကြိုးကိုင်ချယ်လှယ်မှု စွဲချက်များဖြင့် စုံစမ်းစစ်ဆေးခံနေရသည်။ ထို့ပြင် သူသည် လွှတ်တော်ရွေးကောက်ပွဲများကို ကြားဝင်စွက်ဖက်ခဲ့သည်ဟုလည်း စွပ်စွဲခံထားရသည်။



