back

ပြည်တွင်း၌ ပိတ်ရက်ရှည်အလည်ပတ် ပြန်လာသူများပြား၍ စင်းလုံးငှားကားဝန်ဆောင်သူများ အလုပ်ဖြစ်နေ

Dec 29 • 5:31 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ ပိတ်ရက်ရှည်အလည်ပတ် ပြန်လာသူများပြား၍ စင်းလုံးငှားကားဝန်ဆောင်သူများ အလုပ်ဖြစ်နေ

ပြည်တွင်း၌လေးရက်ဆက်တိုက် ရုံးများပိတ်ခဲ့သော ပိတ်ရက်ရှည်ကာလအတွင်း အလည်ပတ်ထွက်သူများမှာ တနင်္လာနေ့ ရုံးဖွင့်ရက်အမှီ ပြန်လာကြရာ စင်းလုံးငှားကားဝန်ဆောင်သူများ အလုပ်...

ပြည်တွင်း၌လေးရက်ဆက်တိုက် ရုံးများပိတ်ခဲ့သော ပိတ်ရက်ရှည်ကာလအတွင်း အလည်ပတ်ထွက်သူများမှာ တနင်္လာနေ့ ရုံးဖွင့်ရက်အမှီ ပြန်လာကြရာ စင်းလုံးငှားကားဝန်ဆောင်သူများ အလုပ်ဖြစ်ခဲ့သောအခြေအနေမျိုးကြုံလာကြောင်း သိရသည်။အဝေးပြေးကားလက်မှတ်များလည်း အပြည့်ဖြစ်ခဲ့ပြီး လက်မှတ်ရရန် ခက်ခဲခြင်းကြောင့် စင်းလုံးငှားကားများဖြင့် ပြန်ကြရသလို အိမ်စီးကားအချို့မှာလည်း စင်းလုံးငှားကားအဖြစ် ဝန်ဆောင်လုပ်ကိုင်ကြရခြင်းမျိုးရှိခဲ့ကြောင်း အဆိုပါဝန်ဆောင်လုပ်ကိုင်နေသူများထံမှ သိရသည်။စင်းလုံးငှားကားဝန်ဆောင်သူများတွင် ငှားရမ်းသုံးစွဲသူများခြင်းကြောင့် မိုက်ခရိုဘတ်စ်၊ မီနီဘတ်စ်၊ အံစာတုံး အမျိုးအစား ကားများအပြင် အိမ်စီးကားလေးများဖြင့် လုပ်ကိုင်လာသူများလည်းရှိခဲ့ပြီး ရှေ့ခန်းတစ်ဦး၊ နောက်ခန်းသုံးဦးစသည်ဖြင့် တစ်စီးလျှင်ခရီးသည်လေးဦးတင်ဆောင်ကာ ပြေးဆွဲပေးခြင်းများရှိလာခဲ့သည်။

news-view-count-icon

29