ကယားပြည်နယ်(ကရင်နီပြည်နယ်)ရှိ ရောင်နီ လူမှု ဖွံ့ဖြိုးရေးကျောင်းနှင့် ချယ်ရီမြေ ကျောင်းတို့ ပူးပေါင်း၍ ချစ်ကြည်ရေး တိုက်ကွမ်ဒို ပြိုင်ပွဲကို ယမန်နေ့ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ရောင်နီကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါ တိုက်ကွမ်ဒို ပြိုင်ပွဲကို ရောင်နီကျောင်းက ကြီးမှူး ကျင်းပပြီး ချယ်ရီမြေကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ လာရောက်ယှဥ်ပြိုင်ကြခြင်းဖြစ်သည်။ထို တိုက်ကွမ်ဒို ပြိုင်ပွဲသည် ကရင်နီပြည်နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ပြန်လည်ကျင်းပသည့် တိုက်ကွမ်ဒိုပြိုင်ပွဲလည်း ဖြစ်သည်။ပြိုင်ပွဲတွင် ကရင်နီပြည်နယ်ရှိ နိုင်ငံ လက်ရွေးစင် တိုက်ကွမ်ဒို နည်းပြဟောင်းများ၊ လက်ရွေးစင် ကစားသမားဟောင်းများက ဒိုင်အဖြစ် ပါဝင်ခဲ့သည်။ပြိုင်ပွဲတွင် အမျိုးသား (၄)အုပ်စု၊ အမျိုးသမီး (၄)အုပ်စု ယှဥ်ပြိုင်ကစားခဲ့ရာ အုပ်စုအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်ခဲ့သည်။
Dec 29 • 4:40 AM
မြန်မာ
ကယား
မျှဝေမည်
| 31 | 0 | 0 | 0 |


