back

ကယားပြည်နယ်ရှိ KDEP ကွန်ပျူတာအခမဲ့ သင်တန်း အမှတ်စဥ်(၁)မှာ  သင်တန်း သား ၂၆ ဦး ပြီးမြောက်အောင်မြင်ခဲ့

Dec 29 • 4:39 AM

breaking-news

မြန်မာ

ကယား

cover

ကယားပြည်နယ်ရှိ KDEP ကွန်ပျူတာအခမဲ့ သင်တန်း အမှတ်စဥ်(၁)မှာ  သင်တန်း သား ၂၆ ဦး ပြီးမြောက်အောင်မြင်ခဲ့

Karenni Digital Empowerment Program (KDEP)ရဲ့ အခမဲ့ ကွန်ပြူတာသင်တန်း အမှတ်စဥ်(၁) မှာ သင်တန်းသား စုစုပေါင်း (၂၆) ဦး ပြီးမြောက်အောင်မြင်ခဲ့တယ်လို့ KDEP တည်ထောင်သ...

Karenni Digital Empowerment Program (KDEP)ရဲ့ အခမဲ့ ကွန်ပြူတာသင်တန်း အမှတ်စဥ်(၁) မှာ သင်တန်းသား စုစုပေါင်း (၂၆) ဦး ပြီးမြောက်အောင်မြင်ခဲ့တယ်လို့ KDEP တည်ထောင်သူဆီကနေ သိရပါတယ်။ “Batch 1 (အပတ်စဉ် ၁) မှာ သင်တန်းတက်ပြီး၊ ပြီးမြောက်တဲ့သူ စုစုပေါင်း ၂၆ ဦးရှိပါတယ်။ အမျိုးသား ၈ဦး နဲ့ အမျိုးသမီး ၁၈ ဦးပေါ့နော်။” လို့ KDEP တည်ထောင်သူက ဆိုပါတယ်။ နောက်ထပ် အမှတ်စဥ်(၂) ကိုတော့ လာမည့် ဇန်နဝါရီလမှာ သင်တန်းသားတွေ ပြန်လည်ခေါ်ယူသွားမှာ ဖြစ်သလို အမှတ်စဥ်(၂) ဆက်လက် ဖွင့်လှစ်ဖို့ အကူညီများစွာလိုအပ်ကြောင်းကိုလည်း ပြောဆိုထားပါတယ်။ KDEP ကွန်ပျူတာ အခမဲ့ သင်တန်းဟာ ကရင်နီလူငယ်များအပါအဝင် လူထုတွေအတွက် ကွန်ပျူတာ နဲ့ နည်းပညာအသုံးပြုနိုင်စွမ်း၊ အွန်လိုင်းနည်းပညာလောကမှာ တက်ကြွစွာ ပါဝင်နိုင်စွမ်းနဲ့ ဒစ်ဂျစ်တယ်လုံခြုံရေး အသိပညာတွေကို မြှင့်တင်ပေးလိုနဲ့ ရည်ရွယ်ချက်နဲ့ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

news-view-count-icon

32