back

ပြင်ဦးလွင်တွင် စီးပွားရေးတွက်ခြေမကိုက်မှုကြောင့် ပန်းစိုက်ပျိုးသူလျော့နည်း

Dec 29 • 5:32 AM

breaking-news

မြန်မာ

မန္တလေး

cover

ပြင်ဦးလွင်တွင် စီးပွားရေးတွက်ခြေမကိုက်မှုကြောင့် ပန်းစိုက်ပျိုးသူလျော့နည်း

ပြင်ဦးလွင်၌ စီးပွားရေးအရတွက်ခြေမကိုက်မှုကြောင့် ယခုပန်းစိုက်ရာသီတွင် စိုက်ပျိုးသူဦးရေလျော့နည်းသွားခဲ့ကြောင်း ပြင်ဦးလွင်ဒေသခံတောင်သူများကပြောသည်။စိုက်ပျိုးစရိတ...

ပြင်ဦးလွင်၌ စီးပွားရေးအရတွက်ခြေမကိုက်မှုကြောင့် ယခုပန်းစိုက်ရာသီတွင် စိုက်ပျိုးသူဦးရေလျော့နည်းသွားခဲ့ကြောင်း ပြင်ဦးလွင်ဒေသခံတောင်သူများကပြောသည်။စိုက်ပျိုးစရိတ်၊ အလုပ်သမားခနှင့် သယ်ယူပို့ဆောင်ရေးစရိတ်စသည့် အထွေထွေကုန်ကျစရိတ်များမြင့် တက်လျက်ရှိကာအမြတ်ရရှိမှုနည်းပါးမှုများကြောင့် ပန်းစိုက်တောင်သူများအနေဖြင့် စီးပွားရေးအရ တွက်ခြေမကိုက်မှုနှင့်ကြုံတွေ့နေရခြင်းဖြစ်သည်။လက်ရှိကာလမှာ ယခင်နှစ်များကပြင်ဦးလွင်မြို့နယ်တစ်ခုလုံးတွင် ပန်းစိုက်ပျိုးမှုအများအပြားပြုလုပ်လေ့ရှိသော်လည်း ယခုအခါ စိုက်ပျိုးသူ ၄၀ ရာခိုင်နှုန်းခန့်သာကျန်ရှိတော့ကြောင်း တောင်သူများကဆိုသည်။ဈေးကွက်အတွင်းပန်းဈေးနှုန်းများကောင်းမွန်လျက်ရှိသော်လည်းအထွေထွေ စိုက်ပျိုးရေးကုန်ကျစရိတ်မြင့်မားမှုကြောင့်တောင်သူများမှာ အခြားသီးနှံစိုက်ပျိုးမှုများနှင့် လုပ်ငန်းပြောင်းလဲလုပ်ကိုင်မှုများပြုလုပ်နေရကြောင်းသိရသည်။

news-view-count-icon

43