back

လျှပ်စစ်ကားရောင်းအားနှင့် တင်ပို့မှုနည်းလာသည်နှင့်အမျှ တရုတ်၏လီသီယမ်ဘက်ထရီ ဝယ်လိုအား ကျဆင်းလာမည်

Dec 29 • 4:36 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

လျှပ်စစ်ကားရောင်းအားနှင့် တင်ပို့မှုနည်းလာသည်နှင့်အမျှ တရုတ်၏လီသီယမ်ဘက်ထရီ ဝယ်လိုအား ကျဆင်းလာမည်

ပြည်တွင်းလျှပ်စစ်ကားရောင်းအား ကျဆင်းမှုနှင့် ဘက်ထရီတင်ပို့မှု နှေးကွေးလာမှုကြောင့် တရုတ်လီသီယမ်ဘက်ထရီလိုအပ်ချက်သည် ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ကျဆင်းဖွယ်ရှိကြောင...

ပြည်တွင်းလျှပ်စစ်ကားရောင်းအား ကျဆင်းမှုနှင့် ဘက်ထရီတင်ပို့မှု နှေးကွေးလာမှုကြောင့် တရုတ်လီသီယမ်ဘက်ထရီလိုအပ်ချက်သည် ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ကျဆင်းဖွယ်ရှိကြောင်း တရုတ်ခရီးသည်တင်ကားလုပ်ငန်းအဖွဲ့၏ အထွေထွေအတွင်းရေးမှူးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်ဟု TRTworlds သတင်းက ဖော်ပြခဲ့သည်။တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဘက်ထရီနည်းပညာထုတ်လုပ်မှုနှင့် တင်ပို့မှုတွင် ဦးဆောင်နေသောနိုင်ငံဖြစ်ပြီး၊ လျှပ်စစ်ကားများနှင့် လျှပ်စစ်ဓာတ်အားကွန်ရက်များတွင် အသုံးပြုသည့် ဘက်ထရီများအတွက် ဝယ်လိုအားမြင့်တက်လာမှုမှ အကျိုးကျေးဇူးရရှိနေသည်။သို့သော် ဝယ်လိုအား သိသိသာသာကျဆင်းမှုသည် Contemporary Amperex Technology Ltd (CATL) နှင့် EVE Energy အပါအဝင် ဘက်ထရီထုတ်လုပ်သူများကို ထိခိုက်မည်ဖြစ်သည်။

news-view-count-icon

27