ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ သစ်တောထွက်ပစ္စည်း တရားမဝင် သယ်ယူခြင်းနှင့် သစ်တောနယ်မြေ ကျူးကျော်ခြင်းများ လုံးဝမပြုလုပ်ရန် တင်းကြပ်စွာ တားမြစ်လိုက်ကြောင်း ထုတ်ပြန်ကြေညာပါသည်။တားမြစ်ချက်ကို ကန်ပက်လက်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့နှင့် သစ်တောဌာနတို့က ပူးပေါင်း၍ ၂၀၁၈ ခုနှစ် သစ်တောဥပဒေနှင့်အညီ အကောင်ထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။သစ်တောထွက်ပစ္စည်းများကို သယ်ယူရာတွင် တရားဝင် မျှောစာ မပါရှိဘဲ သယ်ယူခြင်း၊ မျှောစာတွင် ဖော်ပြထားသော ခရီးလမ်းဆုံးမှအပ အခြားဒေသ သို့မဟုတ် သတ်မှတ်ထားသော လမ်းကြောင်းမှ သွေဖည်၍ သယ်ယူပို့ဆောင်ခြင်းတို့ကို တားမြစ်ထားသည်။ထို့အပြင် သစ်တောနယ်မြေအတွင်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက်ခြင်း၊ အဆောက်အဦဆောက်လုပ်ခြင်း သို့မဟုတ် အခြေချနေထိုင်ခြင်းနှင့်သစ်တောနယ်မြေအတွင်းတွင် အိမ်မွေးတိရစ္ဆာန်များကို မွေးမြူခြင်းတို့ကို ကန့်သတ်ထားသည်။
Dec 29 • 4:37 AM
မြန်မာ
ချင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


