back

ဂျပန်အစိုးရ၏ စံချိန်တင်ကာကွယ်ရေးဘတ်ဂျက်ကို ကန့်ကွက် ဆန္ဒပြ

Dec 29 • 4:35 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်အစိုးရ၏ စံချိန်တင်ကာကွယ်ရေးဘတ်ဂျက်ကို ကန့်ကွက် ဆန္ဒပြ

ဂျပန်နိုင်ငံရဲ့ စံချိန်တင်ကာကွယ်ရေးဘတ်ဂျက်အစီအစဉ်နဲ့ စစ်ရေးတိုးချဲ့မှုကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိဦးဆောင်တဲ့ အစိုးရကို ဂျပန်နိုင်...

ဂျပန်နိုင်ငံရဲ့ စံချိန်တင်ကာကွယ်ရေးဘတ်ဂျက်အစီအစဉ်နဲ့ စစ်ရေးတိုးချဲ့မှုကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိဦးဆောင်တဲ့ အစိုးရကို ဂျပန်နိုင်ငံသားတွေက ဒီဇင်ဘာ ၂၈ ရက်က တိုကျိုမြို့တော်မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ဒီပမာဏဟာ ဧပြီလမှာစတဲ့ လက်ရှိ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရင်စံချိန်ဖြစ်တဲ့ ယန်း ၈ ဒသမ ၇ ထရီလီယံထက် ကျော်လွန်ခဲ့တာပါ။တနင်္ဂနွေနေ့မှာ ဆန္ဒပြသူတွေဟာ တိုကျိုမြို့လယ်မှာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ရင်း ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ပါတယ်။ဂျပန်အစိုးရကိုလည်း စစ်ပွဲမှာ ပါဝင်ပတ်သက်ခွင့် ဒါမှမဟုတ် နိုင်ငံတကာပဋိပက္ခတွေကို ဖြေရှင်းရာမှာ စစ်ရေးအင်အားကို အားကိုးခွင့်ကို စွန့်လွှတ်တဲ့ ငြိမ်းချမ်းရေး ဝါဒီဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ကတိကဝတ်ကို လိုက်နာဖို့ကိုလည်း တိုက်တွန်းခဲ့ကြပါတယ်။

news-view-count-icon

12