ဘန်ကောက်မြို့တာဝန်ရှိသူတွေက နှစ်သစ်ကာလမှာ လေထုညစ်ညမ်းမှု ဆိုးရွာနိုင်ကြောင်း အသိပေးချက်ထုတ်ပြန်ထားပါတယ်။ အထူးသဖြင့် ဒီဇင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်နေ့ ကာလအတွင်း မနက်ခင်းနဲ့ ညနေပိုင်းတွေမှာ လေလည်ပတ်တိုက်ခိုက်မှုမှုန်း အားနည်းမှာဖြစ်သလို ကားတွေလည်း လမ်းပေါ် အများအပြားထွက်နိုင်တဲ့အတွက် အဲ့ရက်တွေမှာ လေထုညစ်ညမ်းမှု ပိုများလာမှာဖြစ်သလို၊ ဒီဇင်ဘာ ၃၁ နဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာတော့ အဆိုးရွားဆုံးဖြစ်နိုင်တယ်လို့ ခန့်မှန်းထာပါတယ်။ ကားတွေပိတ်တာ၊ နှစ်သစ် အထိမ်းအမှတ် မီးရှူး မီးပန်းဖောက်တာ၊ လူတွေအပြင်မှာ ပျော်ပွဲဆင်နွှဲ ကျင်းပတာကြောင့် ဘန်ကောက်မြို့လယ်ခေါင်နဲ့ အချက်အခြာကျနေရာတွေမှာ လေထုညစ်ညမ်းမှု သိသိသာသာ ဆိုးရွားနိုင်ပြီး မလိုအပ်ရင် အပြင်မထွက်ဖို့နဲ့ ထွက်တဲ့အခါ Mask တွေဆောင်ပြီး သတိထားဖို့ တိုက်တွန်းထားပါတယ်။



