ထိုင်းနိုင်ငံ၊ဘန်ကောက်တွင် ဒီဇင်ဘာ ၂၇ ရက် ညနေတုန်းက Bang Chan ရဲစခန်းက သေနတ်နဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို သိမ်းဆည်းပြီး ဘန်ကောက်မှာ အကြမ်းဖက်ဖို့ ကြံစည်နေတဲ့ အမျိုးသားတစ်ဦးကိို ဖမ်းဆီးရမိခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ် ကမ္ဘောဒီးယား နိုင်ငံသား Mr.Koemang Moeun ဆိုသူဖြစ်ပြီး သူဟာ Bang Chan မှာ အိမ်ငှားနေပြီး လက်နက်တွေကို စုဆောင်းအကြမ်းဖက်ဖို့ ပြင်ဆင်နေတာပါ။ သူနဲ့အတူ အိမ်လုပ် သေနတ်တစ်ခု၊ လျှပ်စစ်တိပ်အမည်းနဲ့ ပတ်ထားတဲ့ ပေါက်ကွဲကိရိယာနဲ့ ဗြောက်တော်တော်များများကို သိမ်းဆည်းရမိခဲ့ပါတယ်။သူနဲ့အတူ ဖမ်းမိခဲ့တဲ့ ပစ္စည်းတွေထဲမှာ မိုလိုတော့ ပုံစံလုပ်တဲ့ ကိရိယာတွေရော သိမ်းဆည်းရမိတဲ့အတွက် ပတ်ဝန်းကျင်ကိုပါ ဘေးအန္တရာယ်ပြုဖို့ ကြိုးစားနေသူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ လက်နက်ကိုင်ဆောင်မှု၊ ပေါက်ကွဲ ကိရိယာတွေကို လိုင်စင်မဲ့ ကိုင်ဆောင်မှုနဲ့ အခွန်မဆောင်ထားတဲ့ ပစ္စည်းတွေကို ကိုင်ဆောင်မှုအတွက် ဒီလူကို ပုဒ်မတပ် အရေးယူမှာဖြစ်ပြီး ဘန်ကောက်မှာလည်း တရားမဝင် လက်နက်ကိုင်ဆောင်မှုတွေကို တိုက်ဖျက်ဖို့ ကြိုးစားနေကြပါတယ်။
Dec 29 • 3:02 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


