back

YBS (၁၁၇) ယာဉ်လိုင်း မြောက်ဒဂုံအတွင်း ခရီးစဉ်လမ်းကြောင်း ပြောင်းလဲပြေးဆွဲမည်

Dec 29 • 3:05 AM

breaking-news

မြန်မာ

ရန်ကုန်

cover

YBS (၁၁၇) ယာဉ်လိုင်း မြောက်ဒဂုံအတွင်း ခရီးစဉ်လမ်းကြောင်း ပြောင်းလဲပြေးဆွဲမည်

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ YBS (၁၁၇) ယာဉ်လိုင်းသည် ယခင်ပြေးဆွဲနေကျဖြစ်သော ပင်လုံလမ်းမအတိုင်း ပြေးဆွဲခြင်းမပြုတော့ဘဲ တပင်ရွှေထီးလမ်းမဘက်သို့ အသွား/အပြန် ပြော...

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ YBS (၁၁၇) ယာဉ်လိုင်းသည် ယခင်ပြေးဆွဲနေကျဖြစ်သော ပင်လုံလမ်းမအတိုင်း ပြေးဆွဲခြင်းမပြုတော့ဘဲ တပင်ရွှေထီးလမ်းမဘက်သို့ အသွား/အပြန် ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ လမ်းကြောင်းသစ်အရ ဒဂုံတက္ကသိုလ်မှ သခင်မြပန်းခြံသို့ ပြေးဆွဲရာတွင် ကုန်ပဒေသာ၊ တပင်ရွှေထီးလမ်း၊ ဦးဝိစာရလမ်းနှင့် နာရီစင်လမ်းကြောင်းအတိုင်း ပြောင်းလဲသွားမည်ဖြစ်သဖြင့် ယခင် ပင်လုံလမ်းရှိ မ၀တ၊ မန္တလေးလမ်း၊ စစ်တောင်း၊ ကျောင်းလမ်း၊ ဆက်သွယ်ရေး၊ ၃၅ မှတ်တိုင်၊ သင်းဝင်နှင့် နာရီစင်မှတ်တိုင်များမှ စီးနင်းမည့် ခရီးသည်များအနေဖြင့် တပင်ရွှေထီးလမ်းနှင့် ဦးဝိစာရလမ်းတို့ရှိ မှတ်တိုင်များတွင် ပြောင်းလဲစီးနင်းပေးကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

news-view-count-icon

42