back

ဂျပန်နိုင်ငံအလယ်ပိုင်း ရော်ဘာစက်ရုံ၌ တိုက်ခိုက်မှုနှစ်ရပ်ကြောင့် အနည်းဆုံး ၁၅ ဦး ဒဏ်ရာရ

Dec 28 • 5:49 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နိုင်ငံအလယ်ပိုင်း ရော်ဘာစက်ရုံ၌ တိုက်ခိုက်မှုနှစ်ရပ်ကြောင့် အနည်းဆုံး ၁၅ ဦး ဒဏ်ရာရ

ဂျပန်နိုင်ငံ အလယ်ပိုင်းရော်ဘာစက်ရုံတစ်ရုံ၌ ဒီဇင်ဘာ ၂၆ရက်က ဓားထိုးတိုက်ခိုက်မှုနှင့် ဓာတုဆေးရည်ဖြင့် ပက်ဖျန်းတိုက်ခိုက်မှုတို့ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၁၅...

ဂျပန်နိုင်ငံ အလယ်ပိုင်းရော်ဘာစက်ရုံတစ်ရုံ၌ ဒီဇင်ဘာ ၂၆ရက်က ဓားထိုးတိုက်ခိုက်မှုနှင့် ဓာတုဆေးရည်ဖြင့် ပက်ဖျန်းတိုက်ခိုက်မှုတို့ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုများကြောင့် လူရှစ်ဦး ဓားဒဏ်ရာရရှိခဲ့ပြီးခုနစ်ဦးမှာ ဓာတုဆေးရည် လောင်ကျွမ်းမှု ဒဏ်ရာများ ရရှိခဲ့ကြောင်းဂျပန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။အထက်ပါတိုက်ခိုက်မှု နှစ်ရပ်လုံးကို ကျူးလွန်ခဲ့သူမှာ အသက်(၃၈)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီးလက်ရှိအချိန်တွင် ၎င်းကို လူသတ်မှုများ ကျူးလွန်ရန် ကြံစည်အားထုတ်မှုဖြင့် ဂျပန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ဓားထိုးတိုက်ခိုက်မှုနှင့် ဓာတုဆေးရည် ပက်ဖျန်းတိုက်ခိုက်မှုတို့ ဖြစ်ပွားခဲ့ရာ စက်ရုံမှာ ယိုကိုဟားမား ရော်ဘာကုမ္ပဏီပိုင် စက်ရုံဖြစ်ပြီး ရှီဇူအိုကာ စီရင်စု မီရှီမာမြို့၌ တည်ရှိကြောင်း သိရသည်။ဓားဒဏ်ရာ ရရှိခဲ့သော လူနာများအနက် ငါးဦး၏ ဒဏ်ရာမှာ ပြင်းထန်ကြောင်း မီရှီမာမြို့ ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။တိုက်ခိုက်မှုများ ကျူးလွန်ခဲ့သူအမျိုးသားမှာ ရော်ဘာစက်ရုံနှင့်ပတ်သက်ဆက်နွှယ်မှုရှိသူ တစ်ဦးဖြစ်ကြောင်း ဂျပန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။ကျူးလွန်သူ အမျိုးသားအနေဖြင့် မည်သည့်ရည်ရွယ်ချက်ဖြင့်တိုက်ခိုက်မှုများ ကျူးလွန်ခဲ့သည်ကိုမသိရသေးပေ။


news-view-count-icon

31