၂၈.၁၂.၂၀၂၅ ရက်နေ့၊ ၁၁ နာရီ၁၈ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၅)ရပ်ကွက်၊ စည်ပင်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့ပါတယ်။အဆိုပါသတင်းရသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။၁၁ နာရီ၂၂ မိနစ်အချိန် မီးထိန်းပါသည်။၁၁နာရီ ၂၆ မိနစ်အချိန် မီးငြိမ်းပါသည်။



