back

ကမာရွတ်မြို့နယ်ရှိ မဲရုံသို့ ဖိလစ်ပိုင်သံအမတ်ကြီး လာရောက်ကြည့်ရှု

Dec 28 • 5:25 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ကမာရွတ်မြို့နယ်ရှိ မဲရုံသို့ ဖိလစ်ပိုင်သံအမတ်ကြီး လာရောက်ကြည့်ရှု

၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ၏ ပထမအဆင့်ကျင်းပရာ ယနေ့ ဒီဇင်ဘာလ (၂၈) ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ မဲရုံအမှတ် (၁) သို့ ဖိလစ်ပိုင်သံအမတ်က...

၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ၏ ပထမအဆင့်ကျင်းပရာ ယနေ့ ဒီဇင်ဘာလ (၂၈) ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ မဲရုံအမှတ် (၁) သို့ ဖိလစ်ပိုင်သံအမတ်ကြီး လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ ကမာရွတ်မြို့နယ်တွင် စုစုပေါင်း မဲရုံ ၃၅ ရုံ ဖွင့်လှစ်ထားရှိပြီး ယနေ့ကျင်းပသည့် ရွေးကောက်ပွဲ ပထမပိုင်းအဆင့်တွင် ရန်ကုန်တိုင်းအတွင်းရှိ ကမာရွတ်၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ အလုံ၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) အပါအဝင် မြို့နယ်ပေါင်း ၁၂ မြို့နယ် ပါဝင်လျက်ရှိသည်။

news-view-count-icon

21