back

မဲခေါင်မြစ်အတွင်း တရုတ်၊ မြန်မာ၊ လာအိုနှင့် ထိုင်း (၄) နိုင်ငံ ပူးတွဲရေပြင်စစ်ရေးလေ့ကျင့်မှုပြုလုပ်

Dec 28 • 5:24 AM

breaking-news

မြန်မာ

ပြည်ပ

cover

မဲခေါင်မြစ်အတွင်း တရုတ်၊ မြန်မာ၊ လာအိုနှင့် ထိုင်း (၄) နိုင်ငံ ပူးတွဲရေပြင်စစ်ရေးလေ့ကျင့်မှုပြုလုပ်

တရုတ်၊ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်များသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ မဲခေါင်မြစ်အတွင်း၌ ရေပြင်အရေးပေါ်ကိစ္စရပ်များ က...

တရုတ်၊ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်များသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ မဲခေါင်မြစ်အတွင်း၌ ရေပြင်အရေးပေါ်ကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းမှုဆိုင်ရာ ပူးတွဲလေ့ကျင့်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။ အဆိုပါလေ့ကျင့်မှုတွင် နိုင်ငံလေးနိုင်ငံမှ တပ်ဖွဲ့ဝင် ၁၂၁ ဦးနှင့် ကင်းလှည့်ရေယာဉ် ၁၀ စင်း ပါဝင်ခဲ့ပြီး ရေယာဉ်များစီတန်းလှည့်လည်မှုနှင့် လက်တွေ့တိုက်ပွဲဝင်လေ့ကျင့်မှုဟူ၍ အပိုင်းနှစ်ပိုင်းခွဲကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ပူးတွဲလေ့ကျင့်ရခြင်းမှာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန်၊ အရေးပေါ်အခြေအနေများကို တုံ့ပြန်ရာတွင် ပူးပေါင်းစစ်ဆင်ရေးစွမ်းဆောင်ရည် မြှင့်တင်ရန်နှင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

21