back

ကမ္ဘောဒီးယား - ထိုင်း နယ်စပ်က စစ်ဘေးရှောင်ကလေးငယ်တွေကို လှူဒါန်းဖို့အတွက် အရုပ်တွေနဲ့ တစ်ကွင်းလုံးပြည့်ခဲ့တဲ့ ကမ္ဘောဒီးယားလိဂ်

Dec 28 • 5:57 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယား - ထိုင်း နယ်စပ်က စစ်ဘေးရှောင်ကလေးငယ်တွေကို လှူဒါန်းဖို့အတွက် အရုပ်တွေနဲ့ တစ်ကွင်းလုံးပြည့်ခဲ့တဲ့ ကမ္ဘောဒီးယားလိဂ်

မနေ့က ကစားခဲ့တဲ့ ကမ္ဘောဒီးယားပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Boeung Ket နဲ့ Preah Khan Reach Svay Rieng အသင်းတို့ပွဲစဉ်မှာ နှစ်ဖက်ပရိသတ်တွေက ကွင်းအတွင်း အရုပ...

မနေ့က ကစားခဲ့တဲ့ ကမ္ဘောဒီးယားပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Boeung Ket နဲ့ Preah Khan Reach Svay Rieng အသင်းတို့ပွဲစဉ်မှာ နှစ်ဖက်ပရိသတ်တွေက ကွင်းအတွင်း အရုပ်လေးတွေ ပစ်ပေါက်ခဲ့ကြတာ တစ်ကွင်းလုံး အပြည့်နီးပါး ဖြစ်ခဲ့ပါတယ်။ ဒီအရုပ်ကလေးတွေက ကမ္ဘောဒီးယား - ထိုင်း နယ်စပ်က စစ်ဘေးရှောင်ကလေးငယ်တွေကို လှူဒါန်းဖို့အတွက် ဖြစ်ပြီး Boeung Ket အသင်းကလည်း လက်မှတ်ရောင်းရငွေအားလုံးကို စစ်ဘေးရှောင်တွေအတွက် လှူဒါန်းခဲ့ပါတယ်။ ဒီအစီအစဉ်ကို အိမ်ရှင်အသင်းဖြစ်တဲ့ Boeung Ket က ဦးဆောင်နှိုးဆော်ခဲ့တာဖြစ်ပြီး ကမ္ဘောဒီးယားမီဒီယာတွေမှာလည်း ဂုဏ်ယူစရာမှတ်တမ်းအဖြစ် ချီးကျုးရေးသားဖော်ပြနေကြပါတယ်။




news-view-count-icon

20