back

မှောင်ခိုလောင်စာဆီ လီတာလေးသန်း သယ်ဆောင်ထားသောပြည်ပရေနံတင် သင်္ဘောတစ်စင်းကို အီရန်နိုင်ငံ ဖမ်းဆီး

Dec 28 • 4:52 AM

breaking-news

မြန်မာ

ပြည်ပ

cover

မှောင်ခိုလောင်စာဆီ လီတာလေးသန်း သယ်ဆောင်ထားသောပြည်ပရေနံတင် သင်္ဘောတစ်စင်းကို အီရန်နိုင်ငံ ဖမ်းဆီး

မှောင်ခိုလောင်စာဆီများ သယ်ဆောင်ထားသည့် ပြည်ပရေနံတင်သင်္ဘောတစ်စင်းကို ပင်လယ် ကွေ့ဒေသ၌ ဖမ်းဆီးထားကြောင်း အီရန်အစိုးရ မီဒီယာများက ဒီဇင်ဘာ ၂၆ ရက်တွင် သတင်းထုတ်ပြန်ထ...

မှောင်ခိုလောင်စာဆီများ သယ်ဆောင်ထားသည့် ပြည်ပရေနံတင်သင်္ဘောတစ်စင်းကို ပင်လယ် ကွေ့ဒေသ၌ ဖမ်းဆီးထားကြောင်း အီရန်အစိုးရ မီဒီယာများက ဒီဇင်ဘာ ၂၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။အဆိုပါရေနံတင် သင်္ဘောသည် မှောင်ခိုလောင်စာဆီ လီတာပေါင်း လေးသန်းအထိ သယ် ဆောင်ထားကြောင်း အီရန်မီဒီယာများ၏ အဆိုအရသိရသည်။

ယင်းရေနံတင်သင်္ဘော၏ အမည်နှင့် မှတ်ပုံတင်ထားသော နိုင်ငံတို့ကို အီရန်တာဝန်ရှိ

သူများက ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

ဖမ်းဆီးထားသော ရေနံတင်သင်္ဘောပေါ်တွင် လိုက်ပါလာသည့် ရေယာဉ်ဝန်ထမ်း ၁၆ ဦးကို ရာဇဝတ်မှု စွဲချက်များဖြင့် အီရန်တာဝန်ရှိသူများကဖမ်းဆီးထိန်းသိမ်းထားသည်။၎င်းရေနံတင်သင်္ဘောကို အီရန်တော်လှန်ရေးအစောင့်တပ်က ဒီဇင်ဘာ ၂၄ ရက်တွင်ပင်လယ် ကွေ့ဒေသတွင်းရှိ အီရန်ပိုင် ကျွန်းတစ်ကျွန်းအနီးတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း အီရန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။ပြီးခဲ့သည့် သီတင်းပတ်ကလည်း မှောင်ခိုလောင်စာဆီ လီတာခြောက်သန်း သယ်ဆောင်ထားသည့် ပြည်ပရေနံတင်သင်္ဘောတစ်စင်းကို အီရန်တော်လှန်ရေးအစောင့်တပ်က အိုမန်ပင်လယ်ကွေ့ရေပြင်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။နိုင်ငံတော်၏ စိုက်ထုတ်သုံးစွဲမှုကြောင့် ကမ္ဘာပေါ်၌ လောင်စာဆီဈေးနှုန်း အနည်းဆုံး နိုင်ငံများထဲတွင် ပါဝင်သော အီရန်နိုင်ငံသည် နိုင်ငံ၏ ရီရယ်လ်ငွေကြေးစနစ် တန်ဖိုးကျဆင်းနေချိန်တွင် ပြည်တွင်းမှ လောင်စာဆီများအား ရေလမ်း၊ ကုန်းလမ်းမှတစ်ဆင့် ပြည်ပသို့ ပို့ဆောင်နေမှုများကို တားဆီးရန်ကြိုးပမ်းနေရသည်။


news-view-count-icon

42