ထိုင်းနိုင်ငံ၊ချင်းရိုင်ခရိုင် လ၀ကနှင့် ရဲတပ်ဖွဲ့ဝင်များသည် အထောက်အထားမဲ့ အနေအထားဖြင့် ထိုင်းနိုင်ငံအတွင်းပိုင်းထဲသို့ ရွှေ့ပြောင်းလုပ်သားများ တင်သွင်းမှုကို စီမံကိန်းချ စစ်ဆေးခဲ့ရာ မယ်ဆိုင်၊ ဘန်ပိုင်ယန်မိုင်ရပ် လမ်းဘေးတစ်နေရာ၌ လူစုလူဝေး ရှိနေသည်ကို သိရှိရသဖြင့် သွားရောက်ဖမ်းဆီးရာ မြန်မာမှ ဝင်လာသူ ရွှေ့ပြောင်းလုပ်သား ၂၅ ယောက် ကို ဖမ်းဆီးမိသဖြင့် ချက်ချင်း မြန်မာဘက်ခြမ်းသို့ ပြန်ပို့ဆောင်ခဲ့သည်။ယာယီနားနေဆောင်တွင် အမျိုးသား ၁၄ ယောက်နှင့် အမျိုးသမီး ၁၁ ယောက်တို့ကို တွေ့ရပြီး ၎င်းတို့ အား မြန်မာနိုင်ငံသား ၃ ယောက်က ကားများဖြင့် တင်ဆောင်လာပြီး ချင်းမိုင်နှင့်ဘန်ကောက်သို့ အထောက်အထားမဲ့အဖြစ် ပို့ဆောင်ပေးရန် စီစဉ်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် သယ်ဆောင် မောင်းနှင်လာသူ ၃ ယောက်အား ဖမ်းဆီးစစ်ဆေးနေပြီး ကားများကို သိမ်းဆည်းကာ ရွှေ့ပြောင်းလုပ် သား ၂၅ ယောက်စလုံး မြန်မာဘက်ခြမ်းသို့ မယ်ဆိုင်နယ်စပ် လ၀က စစ်ဆေးရေး ဝင်ပေါက် ၁ မှ ပြန်ပို့ခဲ့ခြင်းဖြစ်သည်။
Dec 28 • 5:16 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 37 | 0 | 0 | 0 |


