အရက်အလွန်အကျွံ သောက်သုံးမှုကြောင့် ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားနိုင်ခြေ သိသိသာသာ မြင့်တက်လာနိုင်ကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားထားပါတယ်။လေ့လာတွေ့ရှိချက်များအရ အရက်သောက်သုံးမှု မြင့်မားပါက ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်ပြီး သောက်သုံးမှုများလေလေ ဖြစ်နိုင်ခြေလည်း မြင့်တက်လေလေ ဖြစ်တယ်လို့ သိရပါတယ်။အရက်သောက်သုံးမှုကြောင့် ကင်ဆာရောဂါဖြစ်ပွားချိန်တွင် လူနာ၏ ရောဂါမှရှင်သန်နိုင်မှု အလားအလာမှာလည်း ပိုနည်းသွားတတ်ပြီး လေ့လာတွေ့ရှိမှုတွေအရ အရက်အလွန်အကျွံ သောက်သုံးသူများတွင် ရင်သား၊ အူမကြီး၊ အသည်း၊ ခံတွင်း၊ လည်ချောင်း ဆိုင်ရာ ကင်ဆာများနှင့် အစာခြေလမ်းကြောင်းစနစ် ရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်မားလာနိုင်ကြောင်းလည်း သိရပါတယ်။



